သီပေါတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ လူသတ်မှုဖြစ်ပွား
သီပေါ၊ ဧပြီ ၂၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်၊တုံစင့်ကျေးရွာတွင် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲရာမှ လူသတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ (၁၁)ရက် ည (၇းဝဝ)နာရီအချိန်တွင် အသက် (၃၃)နှစ်အရွယ် ဦးငြိမ်းချမ်းအောင်သည် မူးယစ်ဆေးဝါးများသုံးစွဲပြီးနောက် နေအိမ်ရှိ ရွှေငွေပစ္စည်းများခိုးယူနေချိန် မိခင်ဖြစ်သူမှတွေ့ရှိခဲ့ပါသည်။ ၎င်းက အင်္ကျီတစ်ထည်ကိုယူကာ မိခင်ဖြစ်သူ၏ လည်ပင်းကို ချည်နှောင်ပြီး ဆွဲညှစ်ကာ ဦးခေါင်းကိုလည်း ကြမ်းပြင်ပေါ်သို့ တွန်းချခဲ့သည်။
အဆိုပါ မိခင်ဖြစ်သူ၏ ဦးခေါင်းလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကာ နားရွက်တွင်လည်း သွေးထွက်ပြီး သေဆုံးသွားခဲ့ပါသည်။ ထို့အခင်းဖြစ်ပွားခဲ့ပြီးနောက်တွင် ဖခင်ဖြစ်သူမှ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့သည်။
၎င်းနောက် ပြစ်မှုကျူးလွန်ထားခဲ့သည့် အမျိုးသားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
PSLF/TNLA၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃)ရက်လည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင်အမျိုးသားတစ်ဦးမှ ၎င်း၏မိသားစုဝင်ကို ဓားဖြင့်ထိုးသတ်မှုကြောင့် (၂)ဦးသေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ