ဟိုဆိုင်းချောင်းသာတွင် ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုပြန်လည်တွေ့ရှိ
နမ့်ခမ်း၊ ဧပြီလ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းချောင်းသာတွင် ရေနစ်ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ဧပြီလ(၁၇) ရက်တွင် ပြန်လည်တွေ့ရှိခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ (၁၄) ရက် ညနေပိုင်း (၄း၃ဝ)နာရီအချိန်တွင် အသက် (၁၇)နှစ်အရွယ်ရှိ မိုင်းနိုင်လင်းထက်ဆိုသူသည် ဟိုဆိုင်းချောင်းသာတွင် သူငယ်ချင်းများနှင့် ရေဆော့ကစားနေချိန် ရေနစ်ပြီးပျောက်ဆုံးသွားခဲ့သည်။
ထို့နေ့တွင် နမ့်ခမ်းမြို့လူမှုကူညီရေးပရဟိတအသင်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့သော်လည်း တွေ့ရှိခြင်းမရှိဘဲ ရက်ပေါင်း (၄)ရက်အကြာ နောင်မနှင့်ဟိုဆိုင်းကျေးရွာကြားရှိ ရွှေလီမြစ်အတွင်းပြန်လည်တွေ့ရှိခဲ့ပါသည်။
ထိုအမျိုးသား၏ရုပ်အလောင်းကို လူမှုကူညီရေးပရဟိတအသင်းများမှ သယ်ဆောင်ပေးခဲ့ပြီး မီးသဂြိုလ်ပေးခဲ့သည်။ ၎င်းသေဆုံးသွားသည့်သူသည် နမ့်ခမ်းမြို့နယ်လွယ်အင်ကျေးရွာတွင် နေထိုင်သူဖြစ်ပါသည်။
တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြစ်အတွင်း မကြာခဏ ဒေသခံများမှ ရေဆော့ကစားရာတွင် ရေနစ်ပြီးသေဆုံးသွားသူများရှိသခဲ့လို တချို့အလောင်းများတွေလည်း ရှာဖွေတွေ့ရှိခြင်းမရှိဘဲယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ