သီပေါတွင် အမျိုးသားတစ်ဦးမှ စစ်ကောင်စီလက်ကျန်မိုင်းကိုနင်းမိရာမှ ခြေတစ်ဖက်ဆုံးရှုံး၊ ပြင်းထန်ဒဏ်ရာရ
သီပေါ၊ ဧပြီလ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ သီပေါမြို့နယ်၊ တုံစင့်ကျေးရွာနေ အမျိုးသားတစ်ဦးသည် စစ်ကောင်စီလက်ကျန်မိုင်းကိုနင်းမိရာမှ ခြေတစ်ဖက်ဆုံးရှုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ (၁၆)ရက် ညနေ (၆းဝဝ)နာရီဝန်းကျင်အချိန်တွင် အသက် (၅ဝ)အရွယ်ရှိ ဦးထွန်းထွန်းဆိုသည် ခလရ (၂၃)တပ်စခန်းတွင် ငှက်သွားပစ်ချိန် ယခင်စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့ပါသည်။
ထို့မိုင်းပေါက်ကွဲမှုကြောင့်၎င်း၏ ညာဘက်ခြေတစ်ဖက် ပြတ်ထွက်ဆုံးရှုံးသွားသည့်အထိ ထိမှန်ပြီး ကိုယ်ပေါ်တွင်လည်း ပြင်းထန်ဒဏ်ရာများစွာရရှိခဲ့သည်။
၎င်းအခင်းဖြစ်ပွားခဲ့သည့်နေရာကိုသီပေါမြို့ရှိ လူမှုကူညီရေးပရဟိတအသင်းနှင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါလူနာအား ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။
သီပေါမြို့တွင် ပြီးခဲ့သည့် မတ်လ (၈)ရက်လည်း အမျိုးသားတစ်ဦးသည် တောင်ယာသွားရာမှ စစ်ကောင်စီလက်ကျန်မိုင်းနင်းတစ်လုံးကို နင်းမိရာ ထိုနေရာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ