သီပေါတွင် PSLF/TNLA ၏ မီးသတ်တပ်ဖွဲ့မှ မီးဘေးကြိုတင်အသိပညာပေးဆော်သြမှုများပြုလုပ်
သီပေါ၊ မတ်လ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မီးသတ်တပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁ရက်နေ့မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မီးဘေးကြိုတင်အသိပညာပေး ဆော်သြမှုများပြုလုပ်ခဲ့သည်။
ယခုခြောက်သွေ့ရာသီရောက်ရှိလာပြီးဖြစ်သောကြောင့် မီးဘေးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့မှ မြို့တွင်းတွင် မီးသတ်ကားဖြင့် မီးကြွင်းကျန်မပေါ့ဆရန်၊ မိမိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေခါးများထားရှိရန်၊ မီးဖိုအနီး လောင်စာဆီများ၊ ဂတ်(စ်)မီးခြမ်းများထားရှိခြင်းမပြုရ စသည့် မီးသတိပြုစည်းကမ်း (၂၂) ချက်များကို လိုက်လံဆော်သြမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ မီးဘေးစည်းကမ်းချက်များကို ဒေသခံပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်မှုများမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မှု စာများကိုလည်း ထုတ်ပြန်ကြေငြာထားသည်။
သီပေါမြို့နယ်ရှိ ကျေးရွာတချိုများလည်း မီးသတိပြုအသိပညာပေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကျန်သည့်ကျေးရွာများအား ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။
မီးဘေးကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ သီပေါမြို့အပြင် တအာင်းပြည်အတွင်းရှိ မီးသတ်တပ်ဖွဲ့မှ မီးပညာပေးကြိုတင်ဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ