924

နမ့်ခမ်းတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး၊ ဇနီးဖြစ်သူ ပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
21 March 2025

နမ့်ခမ်းတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး၊ ဇနီးဖြစ်သူ ပြင်းထန်ဒဏ်ရာရ


နမ့်ခမ်း၊ မတ်လ ၂၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့ (၁၃)မိုင်တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဇနီးဖြစ်သူမှ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။


ဖြစ်စဥ်တွင် ယမန်နေ့ မတ်လ ၁၇ရက် နေ့လယ် (၁း၀၀)နာရီအချိန်တွင် အသက် (၃၄)နှစ်အရွယ် ဦးသိန်းအောင်နှင့် သူ၏ဇနီးသည် အလုပ်ကနေပြန်လာချိန် (၁၃)မိုင်ရောက်နေစဥ် ကားကြီးဖြတ်ကျော်ရန် မောင်းနှင်းနေစဥ် ကားကြီး၏ ဘီးအောက်ကိုရောက်ရှိကာ အဆိုပါ အမျိုးသား၏ ခေါင်းကို ကားဘီးကြိတ်ပြီး သေဆုံးသွားခဲ့သည်။


၎င်းတို့သည် နမ့်ခမ်းမြို့နယ် နမ့်စိတ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ အမျိုးသမီးသည် ဒဏ်ရာပြင်းထန်ရရှိကာ ဂရုဏာအသင်းမှ ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်း ယာဥ်တိမ်းမှောက်မှုနှင့် ယာဥ်တိုက်မှု (၆)ကြိမ်ဖြစ်ပွားကာ ဒေသခံ (၃)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန









Topics: နမ့်ခမ်းတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး၊ ဇနီးဖြစ်သူ ပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်