မိုးကုတ်တွင် တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ
မိုးကုတ်၊ မတ်လ ၁၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်တွင် မတ်လ ၁၂ ရက် တအာင်းပြည်ရဲတပ်ဖွဲ့မှ မြို့အတွင်းကင်းလှည့်နေစဥ် အမျိုးသမီးတစ်ဦးသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုအမျိုးသမီးသည် အသက်(၆၃)နှစ်အရွယ် ဒေါ်မေရူဆိုသူဖြစ်ပြီး ၎င်းနေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရာတွင် သူမ၏အင်္ကျီထဲမှ ဘိန်းဖြူ ဆပ်ပြာခွက် (၄)ခွက်နှင့် ဗူးအသေး (၁၄)ဗူးနှင့်အတူ တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါအမျိုးသမီးသည် မိုးကုတ်မြို့၊ ရှောလီဝိုင်အုပ်စု၊ သာယာကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် (၂)လအထိ ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမကို တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်တွင်လည်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မြို့အတွင်းကင်းလှည့်နေစဥ် ရွှေဂူရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ