919

သီပေါမြို့ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ စစ်ကောင်စီလက်ကျန်မိုင်းနင်းမိပြီး သေဆုံး သီပေါ၊ မတ်လ ၁၄ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ ‌‌စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်

ဒေသတွင်းသတင်း / ဒေသတွင်း
15 March 2025

သီပေါမြို့ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ စစ်ကောင်စီလက်ကျန်မိုင်းနင်းမိပြီး သေဆုံး

သီပေါ၊ မတ်လ ၁၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ ‌‌စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။





ပြီးခဲ့သည့် မတ်လ ၈ရက်နေ့တွင် မြို့တွင်းရှိ ဇာတ်စုရပ်ကွက်နေ အသက် (၅၂)နှစ်အရွယ် ဦးစိုင်းဖောင်းဆိုသူသည် စစ်ကောင်စီတပ်စခန်းဟောင်း (၅၀၄) အနောက်ဘက်ခြမ်းရှိ တောင်ယာသို့ သွားရာမှ မိုင်းနင်းမိသေဆုံးပြီး မတ်လ ၁၀ရက်နေ့ ညနေပိုင်းအချိန်၌ ၎င်း၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။





အဆိုပါ မိုင်းပေါက်ကွဲပြင်းထန်မှုကြောင့် ဦးစိုင်းဖောင်း၏ ဦးခေါင်းနှင့် ဘယ်ဘက်လက်ပြတ်ထွက်ဒဏ်ရာဖြင့် နေရာပင်ပွဲချင်းပြီးသေဆုံးသွားသည်။ ထိုရုပ်အလောင်းအား နယ်စည်းမခြားပရဟိတအသင်းမှ သွားရောက်သယ်ဆောင်ပြီး ရင်ကွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်

သီပေါမြို့နယ်တွင် ပြီးခဲ့သည့်  ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင်လည်း တုံစင့်ကျေးရွာ၌ ကလေးငယ်တစ်ဦး စစ်ကောင်စီလက်ကျန်မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ စစ်ကောင်စီလက်ကျန်မိုင်းနင်းမိပြီး သေဆုံး သီပေါ၊ မတ်လ ၁၄ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး တောင်ယာသွားရာမှ ‌‌စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်