နမ့်ခမ်းတွင် နေအိမ်အတွင်း ဓာတ်ခဲပေါက်ကွဲရာမှ လူနေအိမ် (၁)လုံးမီးလောင်မှု ဖြစ်ပွား
နမ့်ခမ်း၊ မတ်လ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ နမ့်ခမ်းခရိုင် နမ့်ခမ်းမြို့နယ် ပန်ဟန်ကြီးအုပ်စု ဖာပြန့်ကျေးရွာ နေအိမ်အတွင်း ဓာတ်ခဲပေါက်ကွဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှု ဖြစ်ပွားသွားခဲ့သည်။
ဖြစ်စဉ်တွင် ယမန်နေ့ ၁၀ ရက် နံနက်(၉း၀၀)နာရီအချိန်တွင် ဦးညမ်းအေးသည် ဓာတ်ခဲသွင်းထားရာမှ အလုပ်သွားနေစဉ် ၎င်းမှတစ်ဆင့် ပေါက်ကွဲပြီး နေအိမ်စတင်မီးလောင်သွားခဲ့ခြင်းဖြစ်သည်။
နေအိမ်အတွင်း မီးလောင်သွားသည့် ပစ္စည်းများ ငွေခါးကွင်း (၁)ကွင်း၊ ဆွဲကြိုး (၂)ကွင်း၊ ထင်းဖြတ်စက် (၂)လုံးနှင့် ဆန်စပါးအပါအဝင် အားလုံးစုစုပေါင်း ဆုံးရှုံးမှုကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၀၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။ ထိုမီးလောင်နေစဉ် ဒေသခံများမှ အခြားနေအိမ် မီးမကူးဆက်နိုင်ေစဝိုင်း၀န်းပြီး မီးငြိမ်းသတ်ပေးခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်တွင်လည်း နမ့်ခမ်းခရိုင် မိုင်းဝီးမြို့နယ် ပန်နွဲ့ရပ်ကွက် အိမ်ရှင်ခရီးထွက်ရာမှ နေအိမ် (၁)လုံး မီးလောင်သွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ