ကွတ်ခိုင်တွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦး ဖမ်းဆီးရမိ
ကွတ်ခိုင်၊ မတ်လ ၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်တွင် မတ်လ ၁ရက် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မြို့အတွင်းကင်းလှည့်နေစဥ် ထိုအမျိုးသမီးတစ်ဦးသည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိကာ နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် ဖမ်းဆီးရမိသည်။
ထိုအမျိုးသမီးသည် အသက်(၂၅)နှစ်အရွယ် ဒေါ်အေးဂုတ်ဆိုသူဖြစ်ပြီး ၎င်းနေအိမ်အတွင်း ယာမစိတ်ကြွဆေးပြား (၁)ထုပ်နှင့်အတူ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါအမျိုးသမီးသည် ကွတ်ခိုင်မြို့တွင် နေထိုင်ကြပြီး မူးယစ်ဆေးဝါးရောင်းချရာတွင် (၁)နှစ်အထိ ရှိခဲ့ပြီးဖြစ်သည်။ ၎င်းကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါးဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ၂၈ရက်လည်း နောင်ချိုမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မြို့အတွင်းကင်းလှည့်နေစဥ် ယခင်စစ်ကောင်စီတပ် (၁၁၅)တပ်စခန်းအနီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ