သီပေါတွင် အမျိုးသားတစ်ဦးမှ ၎င်း၏မိသားစုဝင်ကို ဓားနှင့်ထိုးသောကြောင့် (၂)ဦး သေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရ
သီပေါ၊ ဖေဖော်ဝါရီလ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာတွင် အမျိုးသားတစ်ဦးမှ ၎င်း၏မိသားစုဝင်ကို ဓားနှင့်ထိုးသောကြောင့် (၂)ဦး သေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက် ည (၇း၀၀)နာရီအချိန်တွင် အသက် (၄၀)နှစ်အရွယ် ဦးစိုင်းမြင့်အောင်သည် အရက်သေစာသောက်သုံးပြီး ယောက္ခမဖြစ်သူ အသက် (၇၆)နှစ်အရွယ် ဒေါ်ပါထွေးအုပ်နှင့် ယောက္ခထီးဖြစ်သူ အသက် (၇၄)နှစ်အရွယ် ဦးသိန်းထွန်းဆိုသူ (၂)နှစ်ဦးတို့ကို ဓားဖြင့်ထိုးသတ်ခဲ့သည်။
၎င်း၏ ဇနီးသည် အသက် (၅၁) နှစ်အရွယ် ဒေါ်နန်းစံဦးမှ လည်ပင်းဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဦးဝေဖြိုး၏နေအိမ်ကိုသွားရောက်ခဲ့ကာ ဦးဝေဖြိုး၏ ခေါင်းကိုလည်း ဓားဖြင့် ခုတ်ခဲ့သည်။
ထိုအခင်းဖြစ်သွားပြီးနောက် ဦးစိုင်းမြင့်အောင်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ