864

သီပေါတွင် နေအိမ်အတွင်း ဗုံးဆော့ကစားရာမှ ပေါက်ကွဲပြီး (၂)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း
22 February 2025

သီပေါတွင် နေအိမ်အတွင်း ဗုံးဆော့ကစားရာမှ ပေါက်ကွဲပြီး (၂)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ

သီပေါ၊ ဖေဖော်ဝါရီလ ၂၂ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာတွင် နေအိမ်အတွင်း ဗုံးဆော့ကစားရာမှ ပေါက်ကွဲကာ (၂)ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။




ဖြစ်စဥ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ရက် နံနက် (၈း၀၀)နာရီအချိန်တွင် မိုင်းအိုက်လှိုင်နှင့် ဦးအိုက်လွယ်သည် ကောက်လာသည့် ဗုံးတစ်လုံးကို နေအိမ်အတွင်း ပစ်ဆော့ရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသွားသည့် (၂)ဦးသည် အသက် (၃၀)နှစ် ဦးအိုက်လွယ်နှင့် အသက် (၃၀)နှစ် ဒေါ်အေးအုပ်တို့ ဖြစ်ကြပြီး ၎င်းတို့၏သားဖြစ်သူ အသက် (၁၄)နှစ် မိုင်းအိုက်ဟိန်းသည် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

ထိုပေါက်ကွဲပြီးနောက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူများနှင့် လူမှုကူညီရေးပရဟိတအသင်းမှ သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် ကလေးကို ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်လည်း ထိုကျေးရွာမှ ဒေသခံ (၂)ဦးသည် စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းကို နင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါတွင် နေအိမ်အတွင်း ဗုံးဆော့ကစားရာမှ ပေါက်ကွဲပြီး (၂)ဦး သေဆုံး၊ (၁)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်