857

နောင်ချိုတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး‌ သေဆုံး၊ ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
21 February 2025

နောင်ချိုတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး‌ သေဆုံး၊ ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရ


နောင်ချို၊ ဖေဖော်ဝါရီလ ၂၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ဒေသခံ (၁)ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။




ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ရက် ည (၈:၂၀) နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။




ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၈၀)နှစ် ဒေါ်နွမ် သေဆုံးခဲ့ပြီး အသက် (၉)နှစ် ဆိုင်အွန်း၊ အသက် (၁၅)နှစ် ဟိန်းလီယန်မိုး၊ အသက် (၅၉) ဒေါ်အိနှင့် အသက် (၆၃)နှစ် ဒေါ်မြအိမ်တို့ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် ကားတစ်စီးနှင့် နေအိမ် (၆)လုံး    ထိခိုက်ပျက်စီးသွားခဲ့သည်။




ယနေ့ ဖေဖော်ဝါရီလ ၂၁ရက် နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကောင်စီတပ်သည်  ဒရုန်းကိုအသုံးပြုပြီး နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာ ဘုန်းကြီးကျောင်းပေါ်တွင် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အများအပြား ပျက်စီးသွားခဲ့သည်။ 




ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်လည်း နောင်ချိုမြို့ရှိ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီမှ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ (၆)ရက်လည်း သပြေတောင်ဘုရားကုန်းပေါ်တွင်  ဗုံးကြဲချမှုကြောင့် ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁)ဦး‌ သေဆုံး၊ ကလေးငယ်အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်