856

ကျောက်မဲမြို့တွင် PSLF/TNLAဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား (၄)ဦး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
21 February 2025

ကျောက်မဲမြို့တွင်  PSLF/TNLAဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား (၄)ဦး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ကျောက်မဲ၊ ဖေဖော်ဝါရီလ ၂၁ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား (၄)ဦးကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

ထိုအမျိုးသားများသည် အောင်ဟိန်း အသက် (၁၄)နှစ်၊ အခေး အသက် (၁၈)နှစ်၊ အိုက်ဖြိုး အသက် (၂၁)နှစ်နှင့် အောင်ခမ်း အသက် (၁၆)နှစ်တို့ ဖြစ်ကြသည်။ အဆိုပါ အောင်ဟိန်းနှင့် အခေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ရက်တွင် ဖမ်းဆီးရမိပြီး အိုက်ဖြိုးနှင့် အောင်ခမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့သည် PSLF/TNLA ဝတ်စုံကို ဝတ်ဆင်ပြီး ကားသမားများထံ ပိုက်ဆံတောင်းခြင်း၊ ပြည်သူလူထုနေအိမ်များအတွင်း ခိုးခြင်းနှင့် ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့ကြသည်။ ပြည်သူလူထုများသည် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားပြီးနောက် အဆိုပါအမျိုးသားများကို လိုက်လံဖမ်းဆီးခဲ့ပါသည်။

ထိုသို့အသုံးပြုခဲ့သည့် PSLF/TNLA ဝတ်စုံ၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့နှင့်တူသည့် ဝတ်စုံ၊ ဓါးများစသည့် ဖောက်ထွင်းရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လည်း ကျောက်မဲမြို့တွင် နေအိမ်ဖောက်ထွင်းခြင်း၊ တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၈၀)ဦးကို တရားဥပဒေစိုးမိုးတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကျောက်မဲမြို့တွင် PSLF/TNLAဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား (၄)ဦး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်