မိုးမိတ်တွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရ
မိုးမိတ်၊ ဖေဖော်ဝါရီလ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ် ညောင်ပင်စောက်ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ဖေဖော်ဝါရီလ ၁၉ရက် ညနေ (၅း၀၅)နာရီအချိန်တွင် ဖုန်းကို ဆိုလာပြားနှင့်တိုက်ရိုက်သွင်းထားရာမှ ဖုန်းပေါက်ကွဲပြီး ဘေးတွင်ရှိထားသည့် ဘက်ထရီကနေတစ်ဆင့် နေအိမ်စတင်မီးလောင်သွားခဲ့သည်။
နေအိမ်အတွင်းရှိ ပစ္စည်းများ၊ ဆွဲကြိုး (၁)ကုံး၊ လက်စွပ် (၂)ကွင်း၊ နားကပ် (၁)စုံ၊ ပိုက်ဆံ (၁၀)သိန်း၊ ကျောက် (၁)လုံးနှင့် ဖုန်း (၂)လုံးအပါအဝင် စုစုပေါင်းကာလတန်ဖိုး သိန်းပေါင်း (၇၀၀) မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ထိုမီးလောင်နေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်တပ်ဖွဲ့မှ လာရောက် မီးငြိမ်းခဲ့ရာ ညနေ (၆း၃၀)နာရီအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်တွင်လည်း မိုးကုတ်မြို့ အောင်နန်းရပ်ကွက်တွင် ဝါယာကြိုးရှော့ဖြစ်ရာမှ ဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဒေသခံ(၂)ဦး မီးလောင်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ