828

နမ့်ခမ်းတွင် အမျိုးသားတစ်ဦး ကြံစိုက်နေစဥ် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲကာ ဒဏ်ရာပြင်းထန်ရရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
06 February 2025

နမ့်ခမ်းတွင် အမျိုးသားတစ်ဦး ကြံစိုက်နေစဥ် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲကာ ဒဏ်ရာပြင်းထန်ရရှိ

နမ့်ခမ်း၊ ဖေဖော်ဝါရီလ ၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ နောင်တိန်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြံစိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

ဖြစ်စဥ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် (၃း၃၆)နာရီအချိန်တွင် အသက်(၆၁)နှစ်အရွယ် ဦးကြိုင်ငိုသည် နောင်တိန်ကျေးရွာတွင် ကြံသွားစိုက်နေစဥ် စစ်ကောင်စီလက်ကျန်မြေမြှုပ်မိုင်းတစ်လုံးကို ခုတ်မိပြီး ပေါက်ကွဲသွားခဲ့သည်။

ထိုမိုင်းပေါက်ကွဲသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာတွင် ထိခိုက်ဒဏ်ရာပြင်းထန်ရရှိပြီး ၎င်းကို နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်လည်း မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြံခင်းသွားနေစဥ် စစ်ကောင်စီတပ်လက်ကျန်မြေမြှုပ်မိုင်းကို နင်းမိပြီး ဘယ်ဘက်ခြေထောက် ဆုံးရှုံးသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းတွင် အမျိုးသားတစ်ဦး ကြံစိုက်နေစဥ် စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲကာ ဒဏ်ရာပြင်းထန်ရရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်