825

ဖုန်းအသုံးပြုနေသည့် သီပေါမြို့ စံဖိတ်ကျေးရွာဒေသခံ (၄၀)ကျော်အား ဖမ်းဆီးခြင်းမရှိကြောင်း ရှင်းလင်းချက်

ဒေသတွင်းသတင်း / ဒေသတွင်း
06 February 2025

ဖုန်းအသုံးပြုနေသည့် သီပေါမြို့ စံဖိတ်ကျေးရွာဒေသခံ (၄၀)ကျော်အား ဖမ်းဆီးခြင်းမရှိကြောင်း ရှင်းလင်းချက်

တအာင်းပြည်၊ ဖေဖော်ဝါရီလ ၆ ရက်

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဖုန်းအသုံးပြုနေသည့် ဒေသခံ (၄၀)ကျော်အား မိမိတို့ PSLF/TNLAတပ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Shan News(Burma Version)ခေါ် သျှမ်းသံတော်ဆင့်မီဒီယာမှ Online Facebookစာမျက်နှာတွင် ဖော်ပြသည်ကို ဖတ်ရှုရပါသည်။





Shan News(Burma Version)ခေါ်  သျှမ်းသံတော်ဆင့်မီဒီယာမှ ဖော်ပြသည့်အတိုင်း မိမိတို့ PSLF/TNLA တာဝန်ရှိသူများအား စုံစမ်းစီစစ်ကာ ‌၎င်းသီပေါမြို့ စံဖိတ်ကျေးရွာဒေသခံ (၄၀)ကျော်အား မိမိတို့ PSLF/TNLAမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိပါ။ ထို့ကြောင့် သီပေါမြို့ စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်အား PSLF/TNLAတပ်သားမှ ဖမ်းဆီးခေါ်ဆောင်သည့်သတင်းသည် သတင်းအတု၊ အတင်းအမှားသာဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါသည်။

မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေတွင် မိဘပြည်သူများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုရှိလာပါက သက်ဆိုင်ရာမြို့နယ် ရဲစခန်းနှင့် ပြည်သူ့စင်တာ (Public Relation )သို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။

#PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန
သတင်းရှင်းလင်းချက်
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဖုန်းအသုံးပြုနေသည့် သီပေါမြို့ စံဖိတ်ကျေးရွာဒေသခံ (၄၀)ကျော်အား ဖမ်းဆီးခြင်းမရှိကြောင်း ရှင်းလင်းချက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်