မိုးကုတ်မြို့တွင် ဝါယာကြိုးရှော့ဖြစ်ရာမှ ဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွား၊ ဒေသခံ (၂)ဦး မီးလောင်ဒဏ်ရာရ
မိုးကုတ်၊ ဖေဖော်ဝါရီလ ၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့ အောင်နန်းရပ်ကွက်ရှိ ရွှေစင်ဆိုင်တွင် ဝါယာကြိုးရှော့ဖြစ်ရာမှ ဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဒေသခံ (၂)ဦး မီးလောင်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်း (၄း၃၅)နာရီအချိန်တွင် ဦးကျော်မင်းဦးသည် မီးစက်နိုးထားပြီး ဝါယာကြိုးမှတစ်ဆင့် ရှော့ဖြစ်ကာမီးကူးစက်လောင်ကျွမ်းသွားခဲ့ရာ ဦးကျော်မောင်ဦးနှင့် ဦးဇော်မင်းထွန်းတို့ (၂)ဦးသည် မီးလောင်ဒဏ်ရာရရှိခဲ့သည်။
ထိုဆိုင်တွင် ကွန်ပျူတာမျက်စိစမ်းသပ်ခန်းနှင့် မျက်မှန်၊ မျက်ကပ်မှန်ဆိုင်ခန့်အတွင်းရှိ ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများအပါအဝင် ဆုံးရှုံးမှုကာလတန်ဖိုး စုစုပေါင်းကျပ်ငွေ သိန်း (၁၀၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ထိုမီးလောင်နေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့၏ မီးသတ်ကား (၂)စီးနှင့် ပြည်သူလူထုများ ဝိုင်းဝန်းပြီ မီးငြိမ်းသတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် နမ္မတူမြို့နယ်တွင် မီးလောင်မှု (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း (၁၉၆)သိန်း ဆုံးရှုံးသွားခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ