ဇန်နဝါရီလအတွင်း နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် နမ္မတူမြို့နယ်တွင် မီးလောင်မှု (၃)ကြိမ်ဖြစ်ပွား၊ ကျပ်သိန်းပေါင်း (၁၉၆)သိန်း ဆုံးရှုံးသွား
တအာင်းပြည်သတင်း၊ ဖေဖော်ဝါရီလ ၂ ရက်
တအာင်းပြည်တွင် ဇန်နဝါရီလ တစ်လအတွင်း နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် နမ္မတူမြို့နယ်တွင် မီးလောင်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်းငွေ (၁၉၆)သိန်း ဆုံးရှုံးသွားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ရက် နေ့လယ် (၂း၄၅)နာရီအချိန်တွင် နမ့်စိတ်ကျေးရွာတွင်နေထိုင်သည့် ဦးအိုက်ကီသည် အသုဘသွားနေစဥ် ဝိုင်ယာကြိုးရှော့ဖြစ်ကာ နေအိမ်မီးလောင်သွားခဲ့ခြင်းဖြစ်သည်။
နေအိမ်အတွင်း အသုံးအဆောင်ပစ္စည်းများ၊ ဖုန်း(Oppo) တစ်လုံးနှင့် ဆန်စပါးအပါအဝင် ဆုံးရှုံးမှု စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း (၅၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့ပါသည်။
အလားတူ မိုးကုတ်မြို့ မင်တံတားရပ်ကွက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ရက် နေ့လယ် (၁း၁၀)နာရီအချိန်တွင် ဦးကူးမား၏ နေအိမ်တွင် မီးဖိုဆောင်မှတစ်ဆင့် မီးလောင်ခဲ့ပြီး နေအိမ်တစ်ခုလုံး မီးလောင်ပြာကျသွားခဲ့သည်။
၎င်းနေအိမ်အတွင်း မီးလောင်သွားသည့် ပစ္စည်းဆုံးရှုံးမှုကာလတန်ဖိုးသည် စုစုပေါင်း ကျပ်သိန်းပေါင်း (၁၂၅)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
ထိုအပြင် နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက် ည(၈း၀၀)နာရီအချိန်တွင် ဦးတာအေဝင်းသည် ဘုရားစင်ပေါ် မီးကူးစက်မီးပူဇော်ထားပြီးလောင်ကျွမ်းသွားခဲ့သည်။
နေအိမ်အတွင်း အိမ်သုံးပစ္စည်းများနှင့် ဆန်စပါးများအပါအဝင် ဆုံးရှုးမှုကာလတန်ဖိုး စုစုပေါင်း ကျပ်ငွေ (၂၁)သိန်းကျော် မီးလောင်ဆုံးရှုးသွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားနေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ၏ မီးသတ်ကား (၂)စီးနှင့် ပြည်သူလုထူများ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ