813

အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အပတ်စဥ်(၂)သင်တန်းဆင်းပွဲနှင့် အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြီးစီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
03 February 2025

အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အပတ်စဥ်(၂)သင်တန်းဆင်းပွဲနှင့် အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြီးစီးခဲ့

တအာင်းပြည်၊ ဖေဖော်ဝါရီလ ၂ ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေ တစ်နေရာတွင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးစီးဖွင့်လှစ်သည့် အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အပတ်စဥ် (၂)သင်တန်းဆင်းပွဲနှင့် အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။






အခမ်းအနားကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက် နံနက် (၉း၀၀)မှ မွန်းလွဲပိုင်း (၁၂း၀၀)အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်၊ ဘဏ္ဍရေးမှူး ယားရွှေနေဦး၊ ဗိုလ်မှူး ယားအီထွေးနှင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှူး ဗိုလ်ကြီး ယေကာတို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။





ဗိုလ်မှူးချုပ် တားဂူ;ဇာရ်မှ အလုပ်လုပ်နေသည့်အချိန် ပိုမိုကြိုးစားအားထုတ်ရန်၊ ပြည်သူလူထူများနှင့် လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းလုပ်နေစဥ် ညီမျှမှုရှိစေရန်နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရန် မိန့်ခွန်းစကား ပြောကြားခဲ့ပါသည်။





ထိုအမျိုးသမီးစွမ်းရည်မြင့်တင်ရေးသင်တန်းဆင်းပွဲ အပတ်စဥ် (၂)သည် သင်တန်းသူ (၂၄)ဦးရှိပြီး အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲကို လူဦးရေ (၄၀)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ ထိုသင်တန်းသည် (၇)လကြာ သင်ကြာရပြီး လူ့အခွင့်အရေး၊ အမျိုးသမီးဆိုင်နိုင်ငံရေးဘာသာရပ် အမျိုးသမီးအခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးများစသည့် ဘာသာရပ် (၁၇)ဘာသာတို့ကို တက်ကျွမ်းသည့် ဆရာ/မများက သင်ကြားခဲ့သည်။






အဆိုပါသင်တန်း၏ ရည်ရွယ်ချက်သည် (၁)နေရာကဏ္ဍတိုင်းနှင့် အမျိုးသမီးများလုပ်ငန်းဘက်မျိုးစုံ ဦးဆောင်နိုင်စေရန်၊ (၂)အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ချရေး နည်းလမ်းမျိုးစုံ အသုံးပြုနိုင်စေရန်၊ (၃)အမျိုးသမီးများ ဒီထက်ပိုမို လုပ်ငန်းဦးဆောင်နိုင်စေရန်၊ (၄)အမျိုးသမီးများ နေအိမ်ရပ်တည်မှု လုပ်ငန်းသုံးငွေ လည်ပတ်နိုင်ရေး ကူညီနိုင်စေရန်၊ (၅) တအာင်းအမျိုးသမီးများ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးဖွံဖြိုးတက်ရေးလုပ်ငန်းများ ကူညီပေးနိုင်စေရန်တို့ ဖြစ်သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: အမျိုးသမီးစွမ်းရည်မြင့်တင်ရေး အပတ်စဥ်(၂)သင်တန်းဆင်းပွဲနှင့် အပတ်စဥ် (၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြီးစီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်