တစ်လအတွင်း ကျေးရွာ (၁၂)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်နိုင်ခဲ့
တအာင်းပြည်သတင်း၊ ဇန်နဝါရီလ ၂၉ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဇန်နဝါရီလအတွင်း ကျေးရွာပေါင်း (၁၂) ရွာရှိ ဒေသခံပြည်သူများထံ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။
ထိုအသိပညာပေးမှု ကွင်းဆင်းရာတွင် နမ္မတူမြို့နယ်ရှိ ကျေးရွာ (၉)ရွာနှင့် မိုင်းငေါ့မြို့နယ် ကျေးရွာ (၃)ရွာရှိ ဒေသခံပြည်သူများကို အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ အမျိုးသမီးနှင့် အခွင့်အရေး၊ အမျိုးသမီးနှင့် စီးပွားရေး၊ အမျိုးသမီးနှင့် မူးယစ်ဆေးဝါးစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် နမ္မတူမြို့နယ်မှ ကျေးရွာ (၉)ရွာနှင့် မိုင်းငေါ့မြို့နယ်မှကျေးရွာ (၃)ရွာများမှ ဒေသခံစုစုပေါင်း လူဦးရေ (၃၇၅) ဦးပါဝင်ဆွေးနွေးခဲ့သည်။
PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည် မြင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များ ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းလည်း မိုင်းငေါ့မြို့နယ်နှင့် နမ္မတူမြို့နယ်ရှိ ကျေးရွာ (၅)ရွာရှိ ဒေသခံပြည်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ