မူဆယ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိ
မူဆယ်၊ ဇန်နဝါရီလ ၂၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက် နံနက် (၇း၄၃)နာရီအချိန်တွင် အသက် (၃၀)နှစ်အရွယ် ဦးဟိန်းဇော်ဌေးသည် ကြံခင်းသွားနေစဥ် စစ်ကောင်စီလက်ကျန် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။
ထိုပေါက်ကွဲမှုကြောင့် ၎င်း၏ ဘယ်ဘက်ခြေထောက် ပြတ်ထွက်ပြီး ခန္ဓာကိုယ်ပေါ်နှင့် လက်နှစ်ဖက်စလုံးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ရက်လည်း မူဆယ်မြို့နယ် ပန်လုံကျေးရွာတွင် ဦးနောင်ဆိုင်ဆိုသူလည်း ကျေးရွာအနီးရှိ တောတစ်နေရာတွင် ထင်းသွားခွေရာမှ မိုင်းကို နင်းမိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ