809

PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁)ထောင်ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
03 February 2025

PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁)ထောင်ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့


တအာင်းပြည်၊ ဇန်နဝါရီလ ၂၈ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော ခရိုင်(၄)ခုဖြစ်သည့် နမ့်ဆန်ခရိုင်၊ ရွှေလီခရိုင်၊ မာန်အောင်ခရိုင်၊ သံလွင်ခရိုင်နှင့် အခြားမြို့နယ်တို့တွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ်၊ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁၂၄၂)မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။







အဆိုပါပြစ်မှုများအား နမ့်ဆန်ခရိုင်တွင် (၈၃၁)မှု၊ ရွှေလီခရိုင် (၂၂၆)မှု၊ မာန်အောင်ခရိုင် (၁၁၈)မှု၊ သံလွင်ခရိုင် (၅၃)မှုနှင့် အခြားမြို့နယ်များ (၁၄)မှုတို့ ဖြစ်ပါသည်။


ထိုအမှုများကို တရားစီရင်ရေးဌာနမှ (၃၃)မှုကို ဆုံးဖြတ်အပြစ်ပေးအရေးယူခဲ့ပါသည်။ တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့သည်လည်း ရဲရေးပိုင်အမှုနှင့် သာမှန်အမှုငယ်များ အမှုပေါင်း (၈၁၈)ကို ဆုံးဖြတ်ပေးခဲ့ပြီး ရုံးအတွင်းသိမ်းထားသည့် အမှုပေါင်း (၂၅၆)လည်း ကျန်ရှိနေပါသေးသည်။


ထိုအမှုများသည် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းထန်နာကျင်စေမှုနှင့် အခြားသောအမှုများ ဖြစ်ကြပါသည်။ ၎င်းအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃)ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ 


ထိုသူများကို တရားစီရင်ရေးဌာနမှ (၅၁)မှုကို ဆုံးဖြတ် ပြစ်ဒဏ်ချပေးနိုင်ခဲ့ပြီး ရဲရေးပိုင်အမှုနှင့် သာမှန်အမှုငယ်များ အမှုပေါင်း  (၁၁၇၀)ကိုလည်း တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့မှ ဆုံးဖြတ်ပေးနိုင်ခဲ့သည်။



Topics: PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁)ထောင်ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့
Tags: တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်