802

အပတ်စဥ်(၃) ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadetဒေါက် တင်ပွဲ အခမ်းအနား ကျင်းပပြီးစီးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
02 February 2025

အပတ်စဥ်(၃) ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadetဒေါက် တင်ပွဲ အခမ်းအနား ကျင်းပပြီးစီးခဲ့


တအာင်းပြည်၊ ဇန်နဝါရီလ ၂၇ရက်


၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁၉ရက်နေ့ တအာင်းပြည်၊ လွတ်မြောက်နယ်မြေတစ်နေရာတွင် တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA အပတ်စဥ်(၃) ATA ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadet ဒေါက် တင်ပွဲအခမ်းအနား ကျင်းပပြီးစီးခဲ့ပါသည်။ 




အခမ်းအနားကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန် နှင့် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဂေါင်ဆဲင်တို့မှ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။





TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်မှ “တအာင်းပြည်တွင်းရှိ မိဘပြည်သူများ၏ ဘေးကင်းလုံခြုံရေး၊ တအာင်းဒေသကာကွယ်နိုင်ရေးနှင့် အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး ရရှိအောင် ကြိုးပမ်းရမည်” ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။






အပတ်စဉ်(၃) ဗိုလ်သင်တန်းကျောင်းသည် (၅)နှစ်ကျော် သင်တန်းဖြစ်ပြီး  (၃)နှစ်ကျော် သင်တန်းကာလ ပြီးသွားသည့် ဗိုလ်လောင်းများအား ယခုကဲ့သို့ Senior Cadet ဒေါက် တင်ပေးနိုင်ခဲ့သည်။ 




အခမ်းအနားကို TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဂေါင်ဆဲင်၊ ဗိုလ်သင်တန်းကျောင်းအုပ် ဗိုလ်မှူးတားအောင်မြတ်၊ သင်တန်းလေ့ကျင့်ရေးအရာရှိများ၊ ATA ဗိုလ်သင်တန်းသားများ နှင့် မိဘပြည်သူများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: အပတ်စဥ်(၃) ဗိုလ်သင်တန်းကျောင်းသားများအား Senior Cadetဒေါက် တင်ပွဲ အခမ်းအနား ကျင်းပပြီးစီးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်