801

ပန်ဟန်ကြီးကျေးရွာတွင် အုပ်စုအုပ်ချုပ်‌ရေးမှူးနှင့် ကျေးရွာဥက္ကဌများကို ရွေးချယ်သည့် အစည်းအဝေးပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
02 February 2025

ပန်ဟန်ကြီးကျေးရွာတွင် အုပ်စုအုပ်ချုပ်‌ရေးမှူးနှင့် ကျေးရွာဥက္ကဌများကို ရွေးချယ်သည့် အစည်းအဝေးပြုလုပ် 


မိုင်းဝီး၊ ဇန်နဝါရီလ ၂၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ ပန်ဟန်ကြီးကျေးရွာတွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဥက္ကဌများကို ရွေးချယ်သည့် အစည်းအဝေးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ရက်တွင်  ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် အုပ်စုအုပ်ချုပ်ရေးမှူး၊ ဥက္ကဌ၊ ရပ်ရွာရုံးစာရေးများကို မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်သည့်အပြင် စယ်နေအုပ်စုနှင့် တွန်ဟုန်းအုပ်စုအတွင်း ကျေးရွာများကိုလည်း ပေါင်းစည်းထားပြီး ပန်ဟန်ကြီးအုပ်စုအဖြစ် ဖွဲ့စည်း‌ခဲ့သည်။




ထိုအစည်းအဝေးတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မြို့နယ်မှူး၊ တာဝန်ရှိသူနှင့် ရပ်ရွာတာဝန်ရှိသူများအပါအဝင် စုစုပေါင်း လူဦးရေ (၅၀) နီးပါးတက်ရာက်ခဲ့ကြသည်။





ထိုအပြင် အစည်းအဝေးတွင် တတ်ရောက်လာကြသည့် ဒေသခံပြည်သူများကိုလည်း ၎င်းတို့ကျေးရွာများ၏  ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိစ္စကိုလည်း ဆွေးနွေးခဲ့ပါသည်။  


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ပန်ဟန်ကြီးကျေးရွာတွင် အုပ်စုအုပ်ချုပ်‌ရေးမှူးနှင့် ကျေးရွာဥက္ကဌများကို ရွေးချယ်သည့် အစည်းအဝေးပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်