799

နမ္မတူမြို့နယ်တွင် ဖယောင်းတိုင်ထွန်းထားရာမှ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
02 February 2025

နမ္မတူမြို့နယ်တွင် ဖယောင်းတိုင်ထွန်းထားရာမှ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား


နမ္မတူ၊ ဇန်နဝါရီလ ၂၇ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ နမ္မတူမြို့နယ် ခိုဖိတ်ကျေးရွာတွင် ဖယောင်းတိုင်ထွန်းထားရာမှ  နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။




ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက် ည (၈း၀၀)နာရီအချိန်တွင် ဦးတာအေးဝင်သည် ဘုရားစင်ပေါ်  ဖယောင်းတိုင်မီးထွန်းပူဇော်ထားရာမှ မီးကူးစက်ပြီး လောင်ကျွမ်းသွားခဲ့သည်။


နေအိမ်အတွင်း အိမ်သုံးပစ္စည်းများနှင့် ဆန်စပါးများအပါအဝင် ဆုံးရှုံးမှုကာလတန်ဖိုး စုစုပေါင်း ကျပ်ငွေ (၂၁)သိန်းကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။ မီးလောင်မှုဖြစ်ပွားနေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့၏ မီးသတ်ကား (၂)စီးနှင့် ပြည်သူလုထူများ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ပေးခဲ့သည်။


ထိုအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ရက်တွင်လည်း နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာတွင် မီးဖိုဆောင်မှ မီးအကြွင်းကျန်ကတစ်ဆင့် နေအိမ်(၁)လုံး မီးလောင်သွားခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့နယ်တွင် ဖယောင်းတိုင်ထွန်းထားရာမှ နေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်