ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံး၊ (၃)ဦး ထိခိုက်ဒဏ်ရာရ
ကျောက်မဲ၊ ဇန်နဝါရီလ ၂၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး သေဆုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် လေကြောင်း အသုံးပြုပြီး ယနေ့ နေ့လယ် (၂း၁၈)နာရီအချိန်တွင် ကျောက်မဲမြို့ ညစျေးတန်းနှင့် ခရိုင်ရုံးပေါ်တွင် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ် (၅)လုံးထက်မနည်း ထိမှန်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ရက်တွင် ကျောက်မဲပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်မှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDMဆရာမ (၂)ဦး၊ လူနာ (၁)ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDMဝန်ထမ်းများနှင့် လူနာအရပ်သားပြည်သူ (၂၀)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ