780

စစ်ကောင်စီတပ်မှ ကျောက်မဲပြည်သူ့ဆေးရုံပေါ် ဗုံးကြဲချ၊ လူအများအပြား ထိခိုက်မှုရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
26 January 2025

စစ်ကောင်စီတပ်မှ ကျောက်မဲပြည်သူ့ဆေးရုံပေါ် ဗုံးကြဲချ၊ လူအများအပြား ထိခိုက်မှုရှိ


နမ့်ဆန်၊ဇန်နဝါရီလ ၂၆ ရက် 

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့အတွင်း ပြည်သူ့ဆေးရုံအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံး(၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။





စစ်ကောင်စီတပ်သည် ယနေ့ ဇန်နနဝါရီလ(၂၅)ရက် နေ့လည်(၁:၂၅)မိနစ်တွင် တစ်ကြိမ်၊(၁:၂၉)မိနစ်တွင် တစ်ကြိမ် ဂျက်ဖိုက်တာဖြင့် (၂)ကြိမ် ဗုံး(၄)လုံး အသုံးပြုပြီး ကျောက်မဲပြည်သူ့ဆေးရုံအား ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ 





ထိုဗုံးကြဲချတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမ (၁)ဦး၊လူနာ (၁)ဦးသေဆုံးပြီး ကျန်မားရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများအပါ အရပ်သား(၂၀)ဉီးကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ထို့အပြင် ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီးသွားခဲ့သည်။ 





ကျောက်မဲပြည်သူ့ဆေးရုံသည် လူနာကုတင် (၁၅၀)ခုဆံ့ ဆေးရုံဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပါသည်။ ကျောက်မဲမြို့ကို PSLF/TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ဆောင်မှုပေးကာ ဆေးကုသပေးနေပါသည်။ ယခု စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲပြည်သူ့ဆေးရုံတစ်ခုလုံး ပျက်စီးသွားခဲ့သည်။


စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို PSLF/TNLA ရဲဌာနနှင့် ပရဟိတ အသင်းများမှ ဝိုင်း၀န်းကယ်ဆယ်ပြီး ဆေးကုသမှု ကူညီဆောင်ရွက်ခဲ့ပါသည်။


ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၉)ဦးသေဆုံးပြီး (၃)ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်အ‌ဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။


စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဉီးတည် ဗုံးကြဲတိုက်ခိုက်နေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ 


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: စစ်ကောင်စီတပ်မှ ကျောက်မဲပြည်သူ့ဆေးရုံပေါ် ဗုံးကြဲချ၊ လူအများအပြား ထိခိုက်မှုရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်