PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာမှ (၁)နှစ်အတွင်း ကျေးရွာပေါင်း (၁၉၀)ရွာတွင် ကွင်းဆင်းအသိပညာပေးနိုင်ခဲ့
တအာင်းပြည်သတင်း၊ ဇန်နဝါရီလ ၂၄ ရက်
PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၂၄ခုနှစ်အတွင်း ခရိုင် (၃)ခရိုင်ရှိ ကျေးရွာပေါင်း (၁၉၀)ရွာအား အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။
ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည့် ခရိုင်များသည် နမ့်ဆန်ခရိုင်၊ မန်အောင်ခရိုင်နှင့် သံလွင်ခရိုင်များ ဖြစ်ကြသည်။
ထိုအပြင် အမျိုးသမီးဆိုင်ရာ ပြစ်မှုအများအပြားကိုလည်း တာဝန်ယူဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ရာ PSLF/TNLA၏ တရားစီရင်ရေးဌာနသို့ အမှုပေါင်း(၈)မှု၊ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ထံ အမှုပေါင်း (၃၀)မှုနှင့် ရုံးအတွင်းသိမ်းဆည်ထားသည့် အမှုပေါင်း (၃၆)မှု စုစုပေါင်း (၇၄)မှုတို့အား တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည်။
PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်းရှိ ကျေးရွာများကို ကွင်းဆင်းအသိပညာပေးရာတွင် အမျိုးသမီးနှင့်အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ အမျိုးသမီးနှင့် သာယာသောအိမ်ထောင်ရေး၊ အမျိုးသမီးနှင့် ပညာရေး၊ အမျိုးသမီးနှင့် မူးယစ်ဆေးဝါး၊ အရွယ်မတိုင်မီစောစီးစွာ အိမ်ထောင်ပြုခြင်း၊ အမျိုးသမီးနှင့် စီမံကိန်း၊ အမျိုးသမီးနှင့် စီးပွားရေး၊ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးအမွေဆက်ခံခြင်း၊ ကျန်းမာရေးနှင့် အိမ်ထောင်ရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာ၊ ကလေးသူငယ်အခွင့်အရေး၊ ဆယ်ကျော်သက်ပြောင်းလဲမှုနှင့် ကင်ဆာရောဂါ လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ