နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး(၂)လုံး လာရောက်ကြဲချခဲ့
နမ့်ဆန်၊ ဇန်န၀ါရီလ ၂၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် တပ်မဟာ(၂)နယ်မြေ၊ နောင်ချိုမြို့နယ် စည်ပင်ရုံးနှင့် ထွေးအုပ်ရုံးအနီး နေ့လည် (၂)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုကဲ့သို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၁)ဦးသေဆုံးပြီး(၂)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၁)လုံး နှင့် စည်ပင်ရုံး ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်မှ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ကျွမ်းသွားခဲ့သည်။ထိုလောင်ကျွမ်းနေသော မီးကို ငြိမ်းသတ်ရန် PSLF/TNLA မီးသတ်ဌာနနှင့် ပြည်သူများမှ ဝိုင်း၀န်းငြိမ်းသတ်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင်လည်း ကျောက်မဲမြို့နယ် ပန်ပေါက်ရွာ တိုးဂိတ်အနီးညနေ (၃)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ