မူဆယ်မြို့ စွမ်းစော်ရပ်ကွက်ရှိ ဆိုင်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား
မူဆယ်၊ ဇန်နဝါရီလ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁) နယ်မြေ၊ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့ စွမ်းစော်ရပ်ကွက်ရှိ မန်ဝိန်းလမ်းသွယ် (၂)တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားစဉ်တွင် ယမန့်နေ့ ဇန်နဝါရီလ ၉ရက် ညနေ (၆း၀၀)နာရီအချိန်တွင် ဦးအိုက်စိုင်း ဖွင့်ထားသည့် သွပ်မိုးဆိုင်ခန်းမှ လျှပ်စစ်မီးမှတစ်ဆင့် ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းသွားခဲ့သည်။
ထိုမီးလောင်နေချိန် မူဆယ်မြို့ရှိ မီးသတ်တပ်ဖွဲ့မှ ကားအများအပြားဖြင့် နာရီဝက်ခန့်ကြာ မီးငြိမ်းသတ်ခဲ့ရပါသည်။ ဆိုင်ခန်းအတွင်း ဆုံးရှုံးသွားသည့် ပစ္စည်းတန်ဖိုးများ မသိရှိရသေးပေ။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ရက်တွင်လည်း မူဆယ်မြို့ ဆင်ဖြူဂိတ်အနီးရှိ အဆောက်အအုံတစ်ခုတွင် လျှပ်စစ်ထမင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးလာင်မှုဖြစ်ပွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ