မင်္ဂလာမူဆယ်ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီး (၂)ဦးသေဆုံး
မူဆယ်၊ ဇန်နဝါရီလ ၁၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့ မင်္ဂလာမူဆယ်အနီးရှိ (၈)ထပ်တိုက်ရှေ့တွင် မော်တော်ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသမီး (၂)ဦး သေဆုံးသွားသည်။
ဖြစ်စဉ်တွင် ယမန်နေ့ နေ့လယ် (၂:၀၀)နာရီအချိန်၌ မင်္ဂလာမူဆယ်ကားလမ်းမပေါ်တွင် ကားနှင့် ဆိုင်ကယ်ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသမီး (၂)ဦးသည် သေဆုံးသွားခဲသည်။
၎င်းသေဆုံးသွားသည့် (၂)ဦးသည် ယာဥ်တိုက်မှုဖြစ်ပွားစဥ် တစ်ဦးမှ ဦးခေါင်းထိဒဏ်ရာဖြင့် ထိုနေရာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ကျန်တစ်ဦးအား မူဆယ်ပြည်သူ့ဆေးရုံသို့ရောက်စဉ် သေဆုံးသွားခဲ့သည်။
ထိုအမျိုးသမီးသည် အသက်အရွယ်အားဖြင့် (၁၃)နှစ်အရွယ်ဖြစ်ကြပြီး မူဆယ်မြို့နယ်တွင် နေထိုင်ကြသူများ ဖြစ်ကြပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ရက်တွင်လည်း မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်အနီးတွင် မူးယစ်သုံးဝါးစွဲပြီး ကားအရှိန်ဖြင့် မောင်းနှင်လာသည့်အမျိုးသားတစ်ဦးသည် လမ်းဘေးတွင် လမ်းသွားနေသော အမျိုးသမီးတစ်ဦးအား ဝင်တိုက်မိပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ