751

တစ်နှစ်ကျော်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည့် မူဆယ်နှင့် မိုင်းယု(၁၀၅)မိုင်လမ်းကို စကစတပ်မှ ငွေတောင်းပြီး ဖြတ်သန်းခွင့်ပြုနေ

ဒေသတွင်းသတင်း / ဒေသတွင်း
11 January 2025

တစ်နှစ်ကျော်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည့် မူဆယ်နှင့် မိုင်းယု(၁၀၅)မိုင်လမ်းကို စကစတပ်မှ ငွေတောင်းပြီး ဖြတ်သန်းခွင့်ပြုနေ

မူဆယ်၊ ဇန်နဝါရီလ ၁၁ ရက်
တအာင်းပြည်သတင်း

တစ်နှစ်ကျော်ဖြတ်သန်းခွင့်ပိတ်ပင်ထားသည့် မူဆယ်နှင့် မိုင်းယု (၁၀၅)မိုင်လမ်းကို စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံပြည်သူစစ်များမှ ဒီဇင်ဘာလအကုန်တွင် ဖြတ်သန်းသွားလာသူများကို ငွေတောင်းပြီး သွားလာခွင့်ပြုပေးခဲ့သည်။

ထိုလမ်းမကြီးကို အိမ်စီးကားတစ်စီးလျှင် အသွားအပြန်အားဖြင့် (၂)သိန်း ပေးဆောင်နေရပါသည်။ ၎င်တပ်ဖွဲ့များသည် ပုံမှန်သတ်မှတ်ထားထက် ပိုပြီးကောက်ခံခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ ဆိုင်ကယ်အားဖြင့် တစ်ကြိမ် ဖြတ်သွားတိုင်း ကျပ်ငွေ (၅၀၀၀) ပေးဆောင်နေရပါသည်။

အဆိုပါလမ်းကြောင်းကို စစ်ကောင်စီတပ်က တရားဝင်ဖြတ်သန်းခွင့်ပေးခြင်းထားခြင်းမျိုးမဟုတ်ဘဲ ခွင့်ပြုရက်သာရှိသော်လည်း ၎င်းတို့တောင်းခံသည့်ငွေကိုပေးနိုင်လျှင် ဖြတ်သန်းခွင့်ပြုပေးသည်။ ကုန်တင်ကား၊ ဓာတ်ဆီနှင့်ဒီဇယ်တင်ယာဥ်များကို လုံးဝဖြတ်သန်းခွင့်မပြုသေးပေ။

ညီနောင်မဟာမိတ် (၃)ဖွဲ့စတင်ခဲ့သည့် (၁၀၂၇) စစ်ဆင်ရေးမှစ၍ ယခုချိန်ထိ ဖြတ်သန်းခွင့်ပိတ်ပင်ထားသည့် ထိုလမ်းကို (၁၅) မိနစ်သာ သွားလာရချိန် (၄း၀၀) နာရီခန့်ကြာအောင် မူဆယ်-နမ့်ခမ်း-နမ့်ဖက်ကာ-နမ့်ဖက်ကာ-မိုင်းယု (၁၀၅)မိုင်လမ်းကြောင်းကို ကွေ့ပတ်ပြီး သွားလာနေရပါသည်။

မိုင်းယု (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် TNLA၊ AAနှင့် MNDAA တပ်ဖွဲ့မှ အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုနောက် မူဆယ်နှင့် မိုင်းယု (၁၀၅)မိုင် လမ်းကို စစ်ကောင်စီတပ်မှ ပိုမိုတင်းကြပ်စွာပိတ်ပင်ထားခဲ့သည်။

ရှမ်းမြောက်မှ မြို့နယ်အားလုံးနီးပါး ဆုံးရှုံးလိုက်ရသော စစ်ကောင်စီတပ်သည် လက်ကျန်ထိန်းချုပ်နေဆဲဖြစ်သည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ တခြားမြို့သို့ ကုန်စီးဆင်းခွင့်မရအောင် ပိတ်ပင်ထားခြင်းမျိုး၊ ဖြတ်သန်းခွင့်ရရှိသောကုန်တင်ကားများကိုလည်း အဆမတန် ငွေများတောင်းခံပြီး ဖြတ်သန်းခွင့်ပြုလေ့ရှိသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တစ်နှစ်ကျော်ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသည့် မူဆယ်နှင့် မိုင်းယု(၁၀၅)မိုင်လမ်းကို စကစတပ်မှ ငွေတောင်းပြီး ဖြတ်သန်းခွင့်ပြုနေ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်