750

သီပေါမြို့နယ် စံဖိတ်ကျေးရွာဒေသခံတစ်ဦး မိုင်းနင်းမိ၊ ပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
11 January 2025

သီပေါမြို့နယ် စံဖိတ်ကျေးရွာဒေသခံတစ်ဦး မိုင်းနင်းမိ၊ ပြင်းထန်ဒဏ်ရာရ

သီပေါ၊ ဇန်နဝါရီလ ၁၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ် စံဖိတ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်ထန်ဒဏ်ရာရရှိခဲ့ပါသည်။

ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက် နံနက် (၈း၀၀)နာရီအချိန် အသက် ၃၃နှစ်အရွယ် စိုင်းအိုက်ဆိုင်ဆိုသူသည် ခြံအတွင်း မြက်ရှင်းနေစဥ်ချိန် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။

ထိုမိုင်းနင်းမိပေါက်ကွဲမှုဒဏ်ကြောင့် ၎င်း၏ ဘယ်ခြေထောက်ပြတ်ထွက်ပြီး ခန္ဓာကိုယ်ပေါ်များ ပြင်းထန် ဒဏ်ရာရရှိခဲ့ပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ရက်လည်း သီပေါမြို့ရှိ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအနီးတွင် သံတိုသံစကောက်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ ခြေတစ်ဖက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့နယ် စံဖိတ်ကျေးရွာဒေသခံတစ်ဦး မိုင်းနင်းမိ၊ ပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်