မူးယစ်ဆေးဝါးသုံးစွဲသူ (၁၃၁)ဦးအား PSLF/TNLAမှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေး
ကျောက်မဲ၊ ဇန်နဝါရီလ ၁၁ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၌ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အကျင့်စာရိတ္တပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက်တွင် ၎င်းတို့ကို ပြန်လွှတ်ပေးခဲ့ပြီ ထိုသူများသည် တအာင်းပြည်အတွင်းရှိ မြို့နယ်များတွင် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းအပြင် အချို့သောမိဘပြည်သူများမှ မိမိကိုယ်တိုင် သားများကို အကျင့်စာရိတ္တပြုပြင်ပေးရန် လာရောက်အပ်နှံခဲ့ပါသည်။
၎င်းတို့ကို အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ (၆)လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပါသည်။ ထိုနောက် ၎င်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘထံ ပြန်လည်အပ်နှံပေးခဲ့ပါသည်။
မူးယစ်ဆေးဝါးသုံးများသည် ပထမအကြိမ် အကျင့်စာရိတ္တပြုပြင်ရေးစခန်းတွင် ပို့ဆောင်ခံရပါက (၆) လ ပြစ်မှုခံရမည်ဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက (၃)နှစ်ကြာ အကျင့်စာရိတ္တပြုပြင်ရေးစခန်းသို့ ပို့ဆောင်ခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၁ရက် နမ့်ဆန်မြို့နယ်တွင် PSLF/TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၅၀)ဦးကို အကျင့်စာရိတ္တပြုပြင်ပြီး ပြန်လွှတ်ပေးခဲ့ပါသည်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ထိ တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး ယခု PSLF/TNLA အုပ်ချုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးနောက် မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲသူများကို ထိရောက်စွာအရေးယူနိုင်ခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ