မူဆယ်မြို့တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိရာ ခြေထောက်တစ်ဖက်ပြတ်ထွက်၊ ပြင်းထန်ဒဏ်ရာရ
မူဆယ်၊ ဇန်နဝါရီလ ၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့နယ်၊ ပန်လုံကျေးရွာနေ အမျိုးသားတစ်ဦး မိုင်းနင်းမိရာ ခြေထောက်တစ်ဖက်ပြတ်ထွက်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ဇန်နဝါရီလ ၁ရက် ညနေ (၄း၃၀)နာရီအချိန်တွင် အသက် (၂၉)နှစ်အရွယ် နောင်ဆိုင်ဆိုသူသည် ကျေးရွာအနီးရှိ တောတစ်နေရာတွင် ထင်းခွေရာမှ မိုင်းကို နင်းမိခဲ့ပါသည်။
အဆိုပါ လူနာသည် လက်ရှိအချိန်တွင် မူဆယ်လူမှုကူညီရေးပရဟိတအသင်းမှ နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှု ခံယူလျှက်ရှိသည်။
ထိုအမျိုးသား မိုင်းနင်းမိသည့်နေရာတွင် စစ်ကောင်စီတပ်စခန်းဟောင်းတစ်ခု ဖြစ်ပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ရက် သီပေါမြို့တွင် နေအိမ်ပတ်ပတ်လည် သန့်ရှင်းရေးလုပ်နေသည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်းကို ဓားဖြင့် ခုတ်မိရာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ