731

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံး (၂၀)လုံးခန့် လာရောက်ဗုံးကြဲတိုက်ခိုက်

ဒေသတွင်းသတင်း / ဒေသတွင်း
08 January 2025

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံး (၂၀)လုံးခန့် လာရောက်ဗုံးကြဲတိုက်ခိုက်


နမ့်ဆန်၊ ဇန်နဝါရီလ ၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂေါက်ကွင်းနှင့် မစိုးရိမ်ကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပါသည်။


ယနေ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်း (၁၂:၅၀)နာရီမှ (၁း၁၀)နာရီအချိန်ထိ စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂေါက်ကွင်းတွင် ဗုံး (၁၅)လုံးနှင့် မစိုးရိမ်ကျောင်းတိုက်တွင် ဗုံး (၅)လုံး ကျရောက်ပေါက်ကွဲခဲ့ပါသည်။



ထိုသို့ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဥ်(၁)စီး ထိခိုက်ပျက်စီးသွားခဲ့ပါသည်။ ဒေသခံပြည်သူလူထုထိခိုက်သေဆုံးမှုတစ်စုံတရာမသိရသေး

ပေ။


ထို့အပြင် မိုးကုတ်မြို့အနောက်ပိုင်းရှိ ကျောက်ဆင်၊ဘော်မားရပ်ကွက်တွင်လည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။



ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် ည (၉း၀၀)နာရီအချိန်မှာလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း ဗုံးလာရောက်ကြဲချပြီး ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။





#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံး (၂၀)လုံးခန့် လာရောက်ဗုံးကြဲတိုက်ခိုက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်