729

နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
08 January 2025

နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

နမ့်ခမ်း၊ ဇန်နဝါရီလ ၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ရက်တွင် ပြုလုပ်ကျင်းပခဲ့သည်။




အစည်းအဝေးကို နံနက် (၉း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ နမ့်ခမ်းမြို့ တအာင်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပြီး ၎င်းကို နှစ်စဥ်နှစ်တိုင်း တအာင်းသံဃာတော်အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။




(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အမျိုးဘာသာ၊ သာသနာပြုလုပ်ငန်းများ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ဩဝါဒစရိယဆရာတော်များက ပိဋကတ်သုံးပုံတရားတော်များကို တအာင်းဘာသာဖြင့် ပြန်ဆိုရေးသားရန် အတည်ပြုခဲ့ပါသည်။




ထိုအစည်းအဝေးတွင် သံဃာတော် (၆၅)ပါး၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နမ့်ခမ်းမြို့မရဲမှူး၊ တအာင်းစာပေအဖွဲ့နှင့် ပြည်သူလူထုများ စုစုပေါင်းလူဦးရေ (၁၆၀)ဦး တက်ရောက် ပြီးမြောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်