728

သီပေါမြို့နယ်တွင် ဓားမြတိုက်မှုနှင့် အမျိုးသမီး (၁)ဦးကို အဓမ္မပြုကျင့်ပြီးကျူးလွန်သူ (၇)ဦးအနက် (၃)ဦးကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
08 January 2025

သီပေါမြို့နယ်တွင် ဓားမြတိုက်မှုနှင့် အမျိုးသမီး (၁)ဦးကို အဓမ္မပြုကျင့်ပြီးကျူးလွန်သူ (၇)ဦးအနက် (၃)ဦးကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ


သီပေါ၊ ဇန်နဝါရီလ ၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့ AAA ဓါတ်ဆီဆိုင်ရှေ့ ဆန်စက်ရုံတွင် ဓားမြတိုက်မှုနှင့် အမျိုးသမီး (၁)ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူ (၇) ဦးအနက် (၃) ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိသည်။




ထိုအဖွဲ့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းတို့သည် သီပေါမြို့ကို စစ်ကောင်စီတပ် အုပ်ချုပ်စဥ် ကျူးလွန်ခဲ့သည့် အမှုများဖြစ်ကြပါသည်။ 


ဖမ်းဆီးရမိသူများသည် အောင်နိုင်စိုး (အသက် ၄၄နှစ်)၊ ကိုရဲဟိန်း (အသက် ၄၂နှစ်)နှင့် ဇင်မင်းပိုင် (အသက် ၂၉နှစ်) တို့ ဖြစ်ပါသည်။ ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု၊ ဇွဲပိုင်းထွန်းဆိုသူ (၄)ဦးသည် လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပါသည်။

 




အောင်နိုင်စိုးဆိုသူသည် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင် (ကိုယ်ပိုင်အမှတ်-၁၉၇၂၂၂) တ.တ.က ရာထူးဖြင့် စာရေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲဝန်ထမ်းဖြစ်ပါသည်။ ၎င်းနှင့်အတူ RPG7-(၁) လုံး၊ စကာပြောစက်အထိုင်(၁)လုံး၊ MA3 ကျည် (၄၇) ထောင့်၊ စလက်ကျည်-(၁၉)ထောင့်၊ 60MM (၃)လုံး၊ M9 (၂)လုံး၊ M9 ပြူ (၇)ခု၊ ဘိန်းဖြူ (၁)ဘူး၊ ဘက်ထရီ W27000 Mah(၁)လုံး၊ ရာမဗူးခွံ အလုံး(၂၀)၊ ဓားတို (၁) စသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီရမိခဲ့သည်။


ထို့နောက် ဖမ်းဆီးရမိသည့် (၃)ဦးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ သီပေါမြို့ တရားဥပဒေစိုးမိုရေးတပ်ဖွဲ့မှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အမှုကျူးလွန်၍ လွတ်မြောက်နေသူ (၄)ဦးကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ်ဖမ်းမိနိုင်ရေး လုပ်ဆောင်နေဆဲဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့နယ်တွင် ဓားမြတိုက်မှုနှင့် အမျိုးသမီး (၁)ဦးကို အဓမ္မပြုကျင့်ပြီးကျူးလွန်သူ (၇)ဦးအနက် (၃)ဦးကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်