တအာင်းအနုပညာအကယ်ဒမီသင်တန်းကျောင်း(T.A.A) အပတ်စဥ် (၂) ဖွင့်လှစ်သွားမည်
တအာင်းပြည်၊ ဇန်နဝါရီလ ၈ ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နယ်မြေတစ်နေရာတွင် တအာင်းဂီတအစည်းရုံးမှ ဦးဆောင်ဖွင့်လှစ်ထားသော တအာင်းအနုပညာသင်တန်းကျောင်း (T.A.A) အပတ်စဥ် (၂) ဖွင့်လှစ်သွားမည်။
တအာင်းလူမျိုးတို့၏ ရိုးရာယဥ်ကျေးမှုနှင့်အနုပညာလုပ်ငန်းတို့ကို ခေတ်သစ်နှင့်အညီ ထိန်းသိမ်းမြှင့်တင်ရန် ဦးတည်ချက်ဖြင့်ဖွင့်လှစ်ခဲ့သော တအာင်းအနုပညာကျောင်းသည် အနုပညာဘွဲ့ရ ဝါရင့်ဆရာ/ဆရာမများမှ ၃ နှစ်တိတိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
သင်တန်းသူ/သား ၃၀ ဦးကိုသာ လက်ခံသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နောက်ဆုံးထားပြီး လျှောက်လွှာများကိုတင်သွင်းရမည်။ လျောက်လွှာအောင်မြင်သူများသည့် လူချင်း (သို့) Online မှတစ်ဆင့် အင်တာဗျူး ဖြေဆိုရမည်ဖြစ်သည်။
တအာင်းအနုပညာ အကယ်ဒမီသင်တန်းကျောင်း အပတ်စဥ် (၁)ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက် သင်တန်းသူ/သား ၃၀ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက်တွင် ပထမနှစ်ပြီးဆုံးသွားခြင်း အခမ်းအနား ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ