686

မန်အိုင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွား

ဒေသတွင်းသတင်း / ဒေသတွင်း
18 December 2024

မန်အိုင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွား

လားရှိုး၊ ဒီဇင်ဘာလ ၁၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည် တပ်မဟာ (၆)နယ်မြေ၊ လားရှိုးမြို့နယ် မန်အိုင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်ထွက်သွားခဲ့သည်။


ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်တွင်  မန်အိုင်ကျေးရွာနေ အသက် (၃၈)နှစ်အရွယ် ဦးလောက်စန်းဆိုသူသည် ယခင် စစ်ကောင်စီတပ်စခန်းအနီးတွင် ဆေးမြစ်သွားရှာနေစဥ် မြေမြုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။


မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားရသည့်အပြင် လက်များတွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၎င်းကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူနေရသည်။







ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် မိုင်းရှင်းလင်ရေးအလုံးစုံ မပြုလုပ်ရသေးသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ယခင်စစ်ကောင်စီတပ်စခန်းအနီးတွင် သွားရောက်ခွင့် ပိတ်ပင်ထားလျက်ရှိသည်။


၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားသည့်မြေမြုပ်မိုင်းကြောင့် ရှမ်းမြောက်အတွင်း မြို့နယ်များရှိ ဒေသခံများသည့် မကြာခဏ မြေမြုပ်မိုင်းများကို နင်းမိပြီး ခြေလက်များ ဆုံးရှုံးသွားရသည့်အပြင် အသက်ဆုံးရှုံးသွားသည့် ဒေသခံများလည်း ရှိခဲ့ပါသည်။


#PSLF/TNLA
#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: မန်အိုင်ကျေးရွာတွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်သွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်