657

မူဆယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ သယ်ယူခွင့် ကန့်သတ်

ဒေသတွင်းသတင်း / ဒေသတွင်း
29 November 2024

မူဆယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ သယ်ယူခွင့် ကန့်သတ်


မူဆယ်၊ နိုဝင်ဘာလ ၂၉ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် တပ်မဟာ (၁)နယ်မြေဖြစ်သည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် စစ်ကောင်စီတပ်မှ ဒေသခံများ၏ အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီသယ်ယူခွင့်တို့အား ယမန်နေ့ နိုဝင်ဘာ(၂၈)နေ့မှ စ၍ ကန့်သတ်ပိတ်ပင်လိုက်သည်။





စစ်ကောင်စီတပ်၏ ဒေသအာဏာပိုင်ဖြစ်သည့် ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ၎င်းတို့ထံ မှတ်ပုံတင်ထားသည့် မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဥ်နှင့်ကုန်တင်ယာဥ်များအား နိုင်ငံဖြတ်ကျော်ခွင့်စာအုပ်(Baordar Pass)ပြုလုပ်ကာ သတ်မှတ်ထားသည့် ကုန်စည်များအား အရေအတွက်ဖြင့်သာ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။





ယခင်က မူဆယ်ဒေသအတွင်းသို့ ဒေသခံများက  တရုတ်ပြည် ရွှေလီ၊ ဂျယ်ဂေါင်မြို့တို့မှတဆင့် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များအား အနည်းငယ်သာ သယ်ယူတင်သွင်းခွင့်ပြုထားရာမှ လက်ရှိတွင် ထပ်မံပိတ်ပင်လိုက်ခြင်းဖြစ်သည်။


အဆိုပါ ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် မီးဖိုချောင်သုံးအသီးအနှံ၊ အသား၊ငါးများအပါအဝင် ကုန်စည်စျေးနှုန်းများ အဆမတန် မြှင့်တက်သွားနိုင်သကဲ့သို့ စက်သုံးဆီပါ လုံလောက်မှုမရှိနိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်သောကြောင့် ဒေသခံလူထုများ ယခင်ကထက် ပို၍ကြပ်တည်းသွားနိုင်ကြောင်း ဒေသခံများမှ စိုးရိမ်ပူပန်နေကြသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မူဆယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ သယ်ယူခွင့် ကန့်သတ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်