655

နိုဝင်ဘာလအတွင်း တအာင်းစာပေအဖွဲ့(TLA)မှ အခြေခံတအာင်းဘုံစာသင်တန်းကို မြို့နယ်(၂)ခု ဖွင့်လှစ်ပို့ချနိုင်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
29 November 2024

နိုဝင်ဘာလအတွင်း တအာင်းစာပေအဖွဲ့(TLA)မှ အခြေခံတအာင်းဘုံစာသင်တန်းကို  မြို့နယ်(၂)ခု ဖွင့်လှစ်ပို့ချနိုင်ခဲ့

တအာင်းပြည်သတင်း၊ နိုဝင်ဘာလ (၂၉) ရက်

တအာင်းပြည်ရှိ တအာင်းစာပေအဖွဲ့(Ta'ang Literature Association-TLA)မှ နိုဝင်ဘာလအတွင်း၌ အခြေခံတအာင်းဘုံစာသင်တန်းကို မြို့နယ်(၂)ခု ဖွင့်လှစ်ပို့ချနိုင်ခဲ့သည်။






ထိုအခြေခံတအာင်းစာသင်တန်းကို မန်တုံမြို့နယ်၊ မန်စပ်ကျေးရွာနှင့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတို့ နေရာ(၂)ခုကို  သင်တန်းကာလ(၁)လကျော်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။

အဆိုပါ တအာင်းစာသင်တန်းကို ဆရာ/မ (၄)ဦးဖြင့် အသေးစိတ် သင်ကြားပို့ချပေးကာ ထိုကျေးရွာများရှိ သံဃာတော်(၃၇)ပါး၊ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၅၁)ဦး၊ စုစုပေါင်း(၁၀၈)ဦး တက်ရောက်သင်ယူ ပြီးမြောက်ခဲ့သည်။

(၁)လကျော်ကြာ အခြေခံတအာင်းစာသင်တန်းကို ပြီးစီးအောင်မြင်ခဲ့သည့် ကျေးရွာရှိ ဒေသခံလူငယ်နှင့် ကျောင်းသူ /သားများကို တအာင်းစာပေအဖွဲ့မှ တအာင်းစာတက်ရောက်ပြီးမြောက်ကြောင်း (Certificate) လက်မှတ် ပေးအပ်ချီးမြင့်ခဲ့သည်။

အခြေခံတအာင်းဘုံစာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် တအာင်းဘုံစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးနှုန်း ဝေါဟာရ တူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေ ထည့်သွင်းသင်ကြား နိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်း ဌာနဆိုင်ရာဝန်ထမ်းများ နှင့် ရုံးဌာနတိုင်း တအာင်းဘုံစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေး ကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များ ပို့ချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌လည်း တအာင်းစာပေအဖွဲ့(TLA)မှ အခြေခံတအာင်းဘုံစာသင်တန်းကို နမ္မတူ၊ မိုင်းဝီးနှင့် မန်စီမြို့နယ်အတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်ထဲတို့တွင် နေရာ(၃)ခုကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီး သင်တန်းသူ/သားများ စုစုပေါင်း (၁၀၉)ဦး တက်ရောက် သင်ယူပြီးမြောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နိုဝင်ဘာလအတွင်း တအာင်းစာပေအဖွဲ့(TLA)မှ အခြေခံတအာင်းဘုံစာသင်တန်းကို မြို့နယ်(၂)ခု ဖွင့်လှစ်ပို့ချနိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်