ဆင်းရွှေလီသကြားစက်ရုံတွင် စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး
နောင်ချို၊ နိုဝင်ဘာလ ၁၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသား (၁)ဦးထိမှန်သေဆုံးခဲ့သည်။
နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၇း၃၀)အချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဆင်းရွှေလီသကြားစက်ရုံ ဂိုဒေါင်မီးလောင်သွားခဲ့ပြီး အဆောင်တစ်ချို့ထိမှန်ပျက်စီးခဲ့ပါသည်။
ထိုအပြင် နောင်ချို့မြို့နယ် လုံစံကျေးရွာကို နိုဝင်ဘာလ (၁၆)နေ့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၂ )နှစ်အရွက် ကလေးငယ် (၁)ဦး သေဆုံးပြီး အရပ်သား (၃)ဦးဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင်းလည်း နောင်ချို့မြို့အတွင်း စစ်ကောင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင်း (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချမှုကြောင့် အမျိုးသား (၄)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ