နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ် (၇) လုံး ထိခိုက်ပျက်စီး
နောင်ချို၊ နိုဝင်ဘာလ ၁၂ ရက်နေ့
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး ထပ်မံဗုံးကြဲမှုကြောင့် နေအိမ် (၇) လုံး ထိမှန်ပျက်စီးခဲ့သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်း ၆း၀၀ နာရီဝန်ကျင်းတွင် ရဲစခန်း၊ စျေးရပ်ကွက်နှင့် တောင်ရပ်ကွက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုအပြင် ရဲစခန်းနှင့် စျေးရပ်ကွက်တွင် နေအိမ် (၄)လုံးနှင့် တောင်ရပ်ကွက်တွင် နေအိမ် (၃) လုံး ထိမှန်ပျက်စီးပြီး လူထိခိုက်မှုမရှိပေ။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့တွင် နောင်ချိုမြို့နယ် မြောင်ဇီးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သည်။
ထိုအပြင် နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်လာရောက်ပြီး ဗုံး(၆)လုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၃)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ