620

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
05 November 2024

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားပျက်စီး 


နောင်ချို၊ နိုဝင်ဘာလ ၅ ရက်

တအာင်းပြည်သတင်း 


တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ် မြောင်ဇီးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ​ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည်။ 


နိုဝင်ဘာလ (၄) ရက်နေ့၊ နံနက်အစောပိုင်း(၃း၀၀)နာရီအချိန်တွင် တစ်ကြိမ်၊ ညနေ(၄း၃၇)မိနစ်တွင် တစ်ကြိမ်နှင့် ညနေ(၄း၃၉)မိနစ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းတွင် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့သည်။ 


အလားတူ ယမန်နေ့၊ နံနက်ပိုင်း(၁၀)နာရီမှ (၁၁)နာရီခွဲထိ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးအလုံးရေ (၂၀)လုံးကျော် လာရောက်ကြဲချတ်ိုက်ခိုက်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ ဒေသခံနေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့သည်။ 




ထို့အပြင် နိုဝင်ဘာလ(၃)ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာ ဒေသခံနေအိမ်(၂)လုံး ထထိခိုက်ပျက်စီးခဲ့သည်။ 




ပြီးခဲ့သည့် နိုဝင်ဘာလ (၂)ရက်နေ့တွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက်(၅) ကတ္တီပင်ဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ​ဒေသခံနေအိမ် (၇)လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်