611

တစ်လအတွင်း ကျေးရွာ ၃၀ တွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
31 October 2024

တစ်လအတွင်း ကျေးရွာ ၃၀ တွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်


တအာင်းပြည်သတင်း၊ အောက်တိုဘာလ(၃၀) ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ယခု အောက်တိုဘာလ တစ်လအတွင်း ကျေးရွာပေါင်း (၃၀)ရွာရှိ  ဒေသခံပြည်သူများထံ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။


ထိုအသိပညာပေး ကွင်းဆင်းရွက်ရာတွင် နမ့်ဆန်၊ နမ္မတူ၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ် (၄)မြို့နယ်မှ ကျေးရွာပေါင်း(၃၀)ရှိ ဒေသခံပြည်သူများအား အမျိုးသမီးများနှင့် ပတ်သက်သည့် အမျိုးသမီးနှင့် ပညာရေး ၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေး၊ အမျိုးသမီးများနှင့် ပျော်ရွှင်သော မိသားစု၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးနှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးများ အရွယ်မတိုင်မီ စောစီးစွာ အိမ်ထောင်ပြုခြင်း စသည့် အကြောင်းအရာများအား တာဝန်ရှိသူများက အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။





အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများမှလည်း သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးရာ PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန တာဝန်ရှိသူများမှ အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။




PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့်  တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည် မြင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ် စီးဆင်းမှု လုပ်ငန်းစဉ်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တစ်လအတွင်း ကျေးရွာ ၃၀ တွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်