598

ယနေ့နံနက် နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) အပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
21 October 2024

ယနေ့နံနက် နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့တွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) အပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

နောင်ချို၊ အောက်တိုဘာလ ၂၁ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နှင့် ​နမ့်ဆန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး (၂)လုံးအပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် (၁း၁၀)အချိန် နောင်ချိုမြို့ သပြေရပ်ကွက်တွင် လေကြောင်းမှတစ်ဆင့် ပေါင် (၃၀၀)ဗုံး (၂)လုံးနှင့် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ထို့အပြင် ယနေ့နံနက် (၈း၃၀)အချိန်တွင် နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအား စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်စောစောအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး  ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ သတင်းကျွတ်လပြည့်ညလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ယနေ့နံနက် နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) အပါအဝင် ဗုံး(၈)လုံး လာရောက်ကြဲချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်