582

သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ဗုံးအလုံး(၆၀)ကျော် ကြဲချ၊ သီလရှင်တစ်ပါးပျံလွန်ခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
09 October 2024

သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ဗုံးအလုံး(၆၀)ကျော် ကြဲချ၊ သီလရှင်တစ်ပါးပျံလွန်ခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရ



သီပေါ၊ အောက်တိုဘာလ ၉ ရက်

တအာင်းပြည်သတင်း



တအာင်းပြည် တပ်မဟာ (၂)နယ်မြေ သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီတပ်မှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၆၀)ကျော် ကြဲချခဲ့ပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။




ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ ညနေ (၃း၀၀)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ရွှေကျောင်းရပ်ကွက်နှင့် ပန်တိမ်တောင်ရပ်ကွက်အတွင်း ဗုံး(၁၀)လုံး လာရောက်ကြဲချခဲ့သည်။


ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်များနှင့် ပန်တိမ်တောင်ရပ်ကွက်ရှိ ဦးအိုက်တူးတို့နေအိမ် ထိခိုက်ပျက်စီးခဲ့ရပါသည်။


အလားတူ ယမန်နေ့ ည (၁၀)နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် နမ့်ငုံးကျေးရွာတို့တွင် ဗုံးအလုံးရေ (၅၀)ကျော် လာရောက်ကြဲချခဲ့သည်။


ထိုသို့ စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး သီလရှင်တစ်ပါးပျံလွန်တော်မူခဲ့ပြီး ဦးမြင့်လွင်တို့ လင်မယား(၂)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။


ထို့အပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်ရှိ  ဒေသခံပြည်သူများ၏ နေအိမ် (၁၀)အိမ်ကျော်ကိုလည်း ထိခိုက်ပျက်စီးခဲ့ရသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ဗုံးအလုံး(၆၀)ကျော် ကြဲချ၊ သီလရှင်တစ်ပါးပျံလွန်ခဲ့ပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်