345

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်စဉ် PSLF/TNLA သီပေါမြို့နယ်မှူး ပစ်သတ်ခံရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
05 July 2024

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်စဉ် PSLF/TNLA သီပေါမြို့နယ်မှူး ပစ်သတ်ခံရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့

ဇူလိုင်လ ၅ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ သီပေါမြိုနယ်တွင် 1027 စစ်ဆင်ရေးအပိုင်း(၂)အတွင်း PSLF/TNLA က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများအားသယ်ယူပို့ဆောင်နေစဥ် သီပေါမြို့နယ် ရေပူရွာအနီးတွင် SSPP/SSA က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး အသက်ပေးလှူခဲ့ရပြီး ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင် ဉီးဆောင်ပြီး မိုင်းအလင်း၊ မိုင်းအညီ (အညံမ်း)နှင့် မိုင်းထွန်းအေးတို့ (၄)ဉီးသည် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏တပ်ဖွဲ့၀င် စစ်သုံ့ပန်းများအား  ခေါ်ဆောင်လာစဉ် သီပေါမြို့ ကြံခင်း (ရေပူ)ရွာအနီးတွင် လမ်းဘေး ဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPP/SSA တပ်ဖွဲ့၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

SSPP/SSA ပစ်ခတ်မှုကြောင့် သီပေါမြို့နယ်မှူး ဗိုလ်ကြီး နေအုပ် (ခေါ်) ဂူ;ပ္လါင်သည် ကားပေါ်တွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထို့အပြင် မိုင်းအလင်းနှင့် မိုင်းအညီ (အညံမ်း)တို့ (၂)ဉီးမှာ လက်တွင်ဒဏ်ရာရရှိခဲ့ပြီး  မိုင်းထွန်းအေးမှာ ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။

ယခင် သီပေါမြို့နှင့် ကျောက်မဲမြို့အား  ဖြတ်သန်းသွားလာရာတွင် SSPP/SSA တပ်မှ မိမိTNLA အား ပစ်ခတ်ခြင်းမရှိခဲ့ခြေ။  ယခု စစ်သုံ့ပန်းအား ခေါ်ဆောင်လာသည့် သီပေါမြို့နယ်မှူးအဖွဲ့အား ပစ်ခတ်မှုကြောင့် မိမိတို့TNLAတပ်ဖွဲ့များ ရောက်ရှိကာဖြေရှင်းရန်ကြိုးပမ်းစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ထို့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP/SSA မှ မိမိတို့ PSLF/TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်မှု‌ကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွါးသည်ကို သက်ဆိုင်ရာခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား သယ်ယူပို့ဆောင်စဉ် PSLF/TNLA သီပေါမြို့နယ်မှူး ပစ်သတ်ခံရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်