(၇၈) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မာရသွန်းအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ကြောင်း အသိပေးအပ်

တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပမည့် (၇၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် (၁၀) မိုင်ကျော် မာရသွန်အပြေးပြိုင်ပွဲနှင့် အသိပညာပေးအစီအစဉ်ကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကွန်ရက်က ဦးဆောင်ကျင်းပမည်ဖြစ်သည်။ လူ့အခွင့်အရေးအသိပညာ တိုးပွားစေရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှု ခိုင်မာစေရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး အသက် (၁၆) နှစ်နှင့်အထက် လူမျိုးဘာသာမရွေး ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒီဇင်ဘာလ (၄) ရက်နေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းပေးသွင်းနိုင်သည်။

ယခုဖတ်ရန်
ဒေသတွင်းသတင်း

နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄)ဦး ထိမှန်ဒဏ်ရာရ

ဒေသတွင်းသတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာနှင့် နမ္မတူမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယနေ့ နံနက်ပိုင်း (၈:၁၅)နာရီအချိန်၌ ဗုံးများလာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို နောက်တွင်ဆက်လက်ရေးသားဖော်ပြသွားမည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ မိုင်းလုံနှင့် မိုင်းယော်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတက်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်)ကျေး ရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦး ဖမ်းဆီးရမိခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းငေါ့မြို့နယ်၊ ပါလှိုင်ကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLA မှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။

ဒေသတွင်းသတင်း

တအာင်းအမျိုးသမီးအဖွဲ့အစည်းအား တည်ထောင်ခြင်း (25)နှစ်ပြည့်သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

လူကြည့်အများဆုံး သတင်းများ

29 November 2026